အခါအားလျော်စွာ စုစည်းဆောင်ရွက်လေ့ရှိသော နိုင်ငံရေးသတင်းဆွေးနွေးပွဲတရပ်ကို ယနေ့ နေ့လည် ၁ နာရီမှ ၄ နာရီ အထိ နယူးဒေလီ၊ NCGUB ရုံးတွင်လုပ်ဆောင်ခဲ့သည်။ အိန္ဒိယအခြေစိုက်ဒီမိုကရေစီနှင့်တိုင်းရင်းသားအဖွဲ့အစည်းများမှ
တာဝန်ရှိသူ ၁၅ ဦးတက်ရောက်၍ နိုင်ငံရေးအခြေအနေများ သုံးသပ်ဖလှယ်ခြင်း ပြုလုပ်ခဲ့ကြသည်။
၃၀-၅-၂၀၀၃ ဒီပဲရင်း အရေးအခင်းကတည်းက NCGUB နှင့် NCUB တို့မှ ဦးစီးကာ ထိုကဲ့သို့ နိုင်ငံရေးအခြေအနေများ သုံးသပ်ဖလှယ်ခြင်းများ ပြုလုပ်နေခဲ့လျက်ရှိသည်။
ယခုဆွေးနွေးပွဲတွင် အဓိအားဖြင့်
မကြာမီကကျင်းပခဲ့သော MPU ညီလာခံ၊
NCGUB ၏ကျယ်ပြန့်သော တိုင်ပင်ညှိနှိုင်းပွဲတို့အကြောင်း၊
(ဂန်ဘာရီ)၏ မြန်မာနိုင်ငံခရီးစဉ်၊
အိန္ဒိယ ဒုသမတ၏ မြန်မာနိုင်ငံခရီးစဉ်၊
လာမည့်ပြည်ထောင်စုနေ့ကျင်းပရေး စသည့်အကြောင်းအရာများပါဝင်သည်။

0 comments:
Post a Comment