၂၆-၁-၀၉ ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊

“တစုတစည်းသော ခေါင်းဆောင်မှု တရပ်နှင့်တူညီသော ဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန်ဘက်ပေါင်းစုံ ပေါင်းစည်း ထားသည့် လုပ်ငန်းစဉ် တရပ်ဝိုင်းဝန်း အကောင်အထည်ဖေါ်မည်”
ပည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU)၏ စတုတ္ထအကြိမ်မြောက် ညီလာခံအပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့(NCGUB) သည် ၂၄-၁-၀၉ မှ ၂၆-၁-၀၉ နေ့အထိ အောက်တွင်ဖေါ်ပြထားသည့် တိုင်းရင်းသား၊ ဒီမိုကရေစီနှင့် လူမှုရေးအဖွဲ့ အစည်းအသီးသီးတို့အပါအ၀င် လေ့လာသူများအားလည်း ဖိတ်ကြားလျက် အိုင်ယာလန်နိုင်ငံ၊ မယ်လဟိုက်၊ ဂရင်းဟိုတယ်တွင် “ကျယ်ပြန့်သော ညှိနှိုင်းတိုင်ပင်မှုအစည်းအဝေးကြီး” တရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲတွင်
• နိုဗယ်ငြိမ်းချမ်းရေးဆုရှင် (ဘက်တီ-၀ီလျန်)၊Justify Full
• အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်အရှေ့ပိုင်း ဒါရိုက်တာ (အိုင်ဆိုလ်-မိုလင်း)၊
• (အင်ဒီပင်းဒင့်-ဒီပလိုမက်)မှ (ဆိုရင်း-ပီဒါဆင်)၊
• (ဘာမား-အက်ရှင်-အိုင်ယာလန်)ဥက္ကဌနှင့်
• အမျိုးသားညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းတို့က မိန့်ခွန်းများအသီးသီးပြောကြားကြသည်။

ယင်းညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ညီညွတ်ရေးနှင့် ခေါင်းဆောင်မှုအပေါ် အကြုံစဖူး အဆိုးမြင်မှုများနှင့် ဝေဖန်မှုများထွက်ပေါ်နေသည့်ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆုံးတွင်မူ “တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသော ဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ် ဖေါ်ဆောင်ရန် ၀ိုင်းဝန်း အကောင်အထည်ဖေါ်မည်” ဆိုသည်ကို အားလုံးက သဘောတူညီကြကာ အောက်ပါ “ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊” ထုတ်ပြန်ချက်ကို ထုတ်ပြန်နိုင်ခဲ့ပေသည်။
“ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊”
မာလာဟိုက် ကြေညာချက်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်

၁။ အောက်တွင် ဖေါ်ပြထားကုန်သော ကျနော်တို့ အဖွဲ့အစည်းများအနေနှင့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၄ မှ ၂၆ ရက်နေ့အထိ အိုင်ယာလန်နိုင်ငံ (မာလာဟိုက်)တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲဖြစ်မြောက်ရန် အထောက်ကူပေးသော ဗားမား-အက်ရှင်းအိုင်ယာလန် (Burma Action Ireland) နှင့် အိုင်ယာလန် သမ္မတနိုင်ငံအစိုးရတို့၏ စေတနာနှင့် ထောက်ပံ့မှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြသည်။

၂။ မည်မျှပင် ကြီးမားဆိုးဝါးသော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေရစေကာမူ မြန်မာပြည်သူ လူထု လွတ်မြောက်ရေးနှင့် အခြေခံအခွင့်အရေးများရရှိစေရန် အန္တရာယ် အသွယ်သွယ်ကို ရင်ဆိုင် အန်တုလျက် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် မဆုတ်မနစ်သော လုံ့လ၀ီရိယနှင့် ဆက်လက် တိုက်ပွဲဝင်နေကြ ကုန်သော ပြည်တွင်းမှ ဒီမိုကရေစီ သူရဲကောင်းများအား လေးစားဂုဏ်ပြုအပ်ပါသည်။

၃။ ပြည်သူ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဘ၀ပျက်ပြီး၊ အများစုသည် ပြင်းထန် ကြမ်းတမ်းလှသော ထောင်တွင်း အခြေအနေတွင် ဆင်းရဲဒုက္ခများ ဆက်လက် ခံစားနေကြရကုန်သော သတ္တိပြောင်မြောက်လှသည့် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များလုံးကို ချီးကျူး ဂုဏ်ပြုပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

၎။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး အပါအ၀င် အဖမ်းအဆီးခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့နှင့်တကွ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီရေး ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး အတွက် ဆောင်ကျဉ်းပေးပါရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းအား တောင်းဆိုသည်။

၅။ မြန်မာ့အရေး ထောက်ခံအုပ်စုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် (အင်စတီကျု)များ အားလုံးတို့၏ မဆုပ်အနစ်သော ကူညီ ထောက်ပံ့ကုညီမှုများအတွက်လည်း ကျွန်ုပ်တို့ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၆။ မြန်မာစစ်ဗိုလ်ချုပ်များသည် တဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံလျက် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲတရပ်ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး ဖြင့် တရားဝင်အုပ်ချုပ်နိုင်ရေးကြိုးစားနေခြင်းဖြင့် မြန်မာနိုင်ငံသည် သေရေးရှင်ရေး အကြပ်အတည်းသို့ ရောက်ရှိနေပေသည်။

၇။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ၂၀၀၈ ခုနှစ် စစ်တပ်က အဆိုတင်သွင်းခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအား လုံးဝလက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ကြေညာလိုက်ပါသည်။ အခြေအနေဆိုးအား ပြုပြင်ရန် အခွင့်အလမ်းနှင့် အချိန် ကျန်ရှိနေဆဲဖြစ်ရာ၊ ကျွန်ုပ်တို့သည် တိုင်းပြည် အကျိုးအတွက် နည်းလမ်းပေါင်းစုံနှင့် တညီတညွတ်တည်း ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်နှင့် နားလည်မှု များ ရရှိခဲ့ကြပေသည်။

၈။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရန် ဟူသည့် ဘုံရည် မှန်းချက်များကို ဖေါ်ဆောင်ရန် ညီညွတ်သောခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ် တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။

၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB
၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU
၃) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ AAPP
၎) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF
၅) မြန်မာနိုင်ငံဆိုင်ရာ ကနေဒါမိတ်ဆွေများ CFOB
၆) တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC
၇) မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ချုပ် FBF
၈) မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB
၉) သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် IBMO
၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD/LA
၁၁) မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် SYCB
၁၂) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ တိုင်းရင်းသားအင်အားစုအဖွဲ့အစည်းများ နှင့် ဒီမိုကရေစီအင်အားစုအဖွဲ့အစည်းများ၏ ညှိုနှိုင်းဆွေးနွေးပွဲ
ဇန္နဝါရီလ ၂၄ - ၂၆၊ ၂ဝဝ၉ ခုနှစ်
မလာဟိုက်၊ ဒဗ္ဗလင်မြို့၊ အိုင်ယာလန်နိုင်ငံ
အစည်းအဝေးတက်ရောက်ကြသူများစာရင်း
အမှတ်စဉ်၊ အမည်၊ အဖွဲ့အစည်းအမည်
1. ခွန်မြင့်ထွန်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
2. စပ်ဟန်ရောင်ဝေ၊ ဥရောပ၊ မြန်မာရုံး
3. မိစူးပွင့်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
4. အရှင်သောပါက၊ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်
5. ဦးခွန်မားကိုဘန်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
6. ဦးစိုးပိုင်၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
7. ဦးတင်မောင်ထူး၊ ကနေဒီယံမြန်မာမိတ်ဆွေများအသင်း
8. ဦးတယ်ဒီဘူးရီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့
9. ဦးတိတ်နိုင်၊ နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
10. ဦးဘိုလှတင့်၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
11. ဦးမြင့်စိုး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွှတ်မြောက်နယ်မြေ)
12. ဦးယဉ်အေး၊ မြန်မာပြည်လွှတ်မြောက်ရေးအဖွဲ့ချုပ်
13. ဦးလွှမ်းမိုး၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
14. ဦးလှဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့
15. ဦးဝင်းလှိုင်၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
16. ဦးသံခဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
17. ဦးသိန်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့
18. ဦးမောင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့
19. ဦးအောင်မန်းဦး၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ကရက်
20. ဦးအောင်မိုးဇော်၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
21. နိုင်သောင်းရှိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့
22. စောဒေးဗစ်ထော၊ တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ)
23. ဒေါက်တာစိန်ဝင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
24. ဒေါက်တာတင့်ဆွေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
25. ဒေါက်တာမြင့်ချို၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
26. ဒေါက်တာလီယံအိပ်ခ်ျဆခေါင်း၊ တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ)
27. ဒေါက်တာဝင်းနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်မြောက်နယ်မြေ (အင်္ဂလန်)
28. ဒေါက်တာနိုင်အောင်၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
29. ဒေါက်တာသောင်းထွန်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့
30. ဒေါ်စန်းစန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့
31. ဒေါ်သင်းသင်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

0 comments:

Post a Comment